သနပ်ပင်မြို့နယ်၌ ဈေးသူဈေးသားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

သနပ်ပင်  စက်တင်ဘာ  ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊  သနပ်ပင်မြို့နယ်တွင်  အသက်(၁၈)နှစ် အထက် ဈေးသူဈေးသားများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့မ‌ဈေးအတွင်း  သတ်မှတ်နေရာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် သနပ်ပင်မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဈေးအကျိုးတော်ဆောင်များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍    ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)