ဖားဆောင်း စက်တင်ဘာ ၁၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ အားကစားရုံဝင်းအတွင်းအပြင်သန့်ရှင်း သာယာလှပရေး၊ ခြင်အန္တရာယ်မှ ကင်းဝေးစေရေး၊ ခြုံနွယ်များ၊ အမှိုက်များ၊ မြက်ပင်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများ ပြန်လည်ရှင်းလင်းခြင်း၊ အလှပန်းပင်များအောက်ခြေရှင်းလင်းခြင်း၊ အဆောင်ချင်းဆက်လမ်းသွယ်ဘေးအမှိုက်များ၊ သစ်ပင်ကြီးများခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ရွက်ခြောက်နှင့်အမှိုက်များရှင်းလင်းခြင်းတို့ကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ယမန်နေ့က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင်ဖားဆောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ထင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်အဆင့်ဌာနဆိုင်ရာကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းပါဝင်၍
စုပေါင်းသန့်ရှင်းဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်များဖြင့် အမှိုက်များသယ်ယူခြင်း သတ်မှတ်နေရာတွင် အမှိုက်များစနစ်တကျစွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)