ဖား​ဆောင်းမြို့နယ်၊ ​မြောက်ပိုင်းရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေး

ဖား​ဆောင်း စက်တင်ဘာ ၁၉

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်နိုင်​ရေးအတွက် ကာကွယ်​ဆေးများကို အရှိန်အဟုန်မြှင့် ထိုးနှံ​ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က ​ဖား​ဆောင်းမြို့နယ်၊​ မြောက်ပိုင်းရပ်ကွက်ရှိ ကိုဗစ်-၁၉​ရောဂါ စစ်ဆေး​ရေးဂိတ်၌ ထပ်​ဆောင်းကာကွယ်​ဆေးများ ထိုးနှံ​ပေးခဲ့​သည်။

အဆိုပါ ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေးသည့် ​နေရာသို့ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉​​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံပြန်​ရေး​ကော်မတီဥက္ကဋ္ဌ ဦးသက်မြင့်ဦးနှင့် ​ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှု​ရေး အသင်းအဖွဲ့များက ကြည့်ရှုအား​ပေးခဲ့​ကြောင်း သိရသည်။

ထို့​နောက် ကိုဗစ်-၁၉ ​ရောဂါကာကွယ်​ဆေးကို ပထမအကြိမ်၊ ဒုတ်ယအကြိမ် ကာကွယ်​ဆေးထိုးနှံပြီး ၆လနှင့်အထက်ရှိသူ  ပြည်သူများအား ကိုဗစ်-၁၉ ထပ်​ဆောင်းကာကွယ်​ဆေးကို ကျန်းမာ​ရေးဝန်ထမ်းများက ထိုးနှံ​ပေးလျက်ရှိ​ကြောင်းနှင့် ပြည်သူများအား ​နေ့စဉ်​ဆေးထိုးစုရပ်အလိုက် ထိုးနှံ​ပေးမည်ဖြစ်​ကြောင်း သိရသည်။

အလားတူ ဖား​ဆောင်းမြို့နယ်အတွင်းရှိ အ​​ခြေခံပညာ​ကျောင်းများတွင်လည်း အသက်၁၂ နှစ်အထက်​ ကျောင်းသား၊​ကျောင်းသူများအား ထပ်​ဆောင်းကာကွယ်​ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)