အုတ်တွင်းမြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းများဖြင့် မိုဘိုင်းစနစ် လှည့်လည်ရောင်းချပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန် ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် မိုဘိုင်းစနစ် လှည့်လည်ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံရောင်းချပေးခဲ့သည်။

မဟာအောင်မြေမြို့နယ်၊ မန်းမြို့ဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်

ဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ မန်းမြို့ဈေးတွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်ခဲ့သည်။

ပိုင်ကျုံမြို့အ.ထ.ကကျောင်း၌ အသက်(၁၈)နှစ်‌အောက် ကျောင်းသား‌ ကျောင်းသူများအား  ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက် ကွင်းဆင်းထိုးနှံ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစ၍ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာ သင်ကြားနေသော အသက်(၁၈)နှစ် အောက်  ကျောင်း သား/သူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှ ကင်းဝေးစေရန်နှင့် စိတ်‌‌အေးချမ်းသာစွာ ပညာသင်ကြားနိုင်‌စေရန်ရည်ရွယ်၍ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့က ပိုင်ကျုံမြို့ အ.ထ.ကကျောင်း၌ ဆက်လက်ကွင်းဆင်းထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်၊ နောင်တာလောရေလည်ကျွန်းသဲသောင်ပြင်ပေါ်တွင် ကမ်းခြေငယ် အပန်းဖြေစခန်း ဆောင်ရွက်နိုင်ရေးနှင့် မြစ်ဆုံအပန်းဖြေစခန်းအဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်

ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ကဏ္ဏပေါင်းစုံ၊ နည်းလမ်းပေါင်းစုံဖြင့် ဖော်ဆောင်ပေးရမည်ဖြစ်ပြီး ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးအတွက် ခရီးစဉ်ဒေသများ၊ အပန်းဖြေနေရာများကို တိုးချဲ့အကောင်အ ထည်ဖော်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီနှင့် ပြည်နယ်ခရီးသွား လုပ်ငန်းရှင်များအသင်းတို့ အပန်းဖြေစခန်းများ အကောင် အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တိုက်တွန်းပြောကြား သည်။

မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ကျေးရွာများနှင့် ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ များ၊ ပြည်သူများ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့ နံနက်က ဘုရားငုတ္တို ရှမ်းစုကျေးရွာနှင့် အ.လ.က(၄)ကျောင်းသို့ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။

အုတ်တွင်းမြို့နယ် ကျောင်းရှစ်ဆယ်စျေးအတွင်းရှိ စျေးရောင်း၊စျေးဝယ် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ Booster Dose ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဒေသခံပြည်သူများအား နေ့စဉ် Booster Dose ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မံစီမြို့နယ်၌ အသက် ၁၆ နှစ်အောက် ကျောင်းပေါင်းစုံ အပြေးအားကစားပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အားကစားကွင်း၌ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ကျောင်းပေါင်းစုံ အသက် ၁၆ နှစ်အောက် အပြေး အားကစားပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် အသက် ၁၂နှစ်အထက် ကျောင်းသား/သူ(၂၈၂)ဦးအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယမန်နေ့နံနက် ၀၉:၀၀နာရီက လေ့ကျင့်ရေး အလယ်တန်းကျောင်းတွင် ပညာရေး စစ်ကြောင်းနှင့် ကျန်းမာရေးစစ်ကြောင်းတို့ ပူးပေါင်း၍ အသက် ၁၂နှစ်အထက် ကျောင်းသား/သူများအား Covid vaccine (sinovac) booster ကာကွယ်ဆေးများအား ထပ်ဆောင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့ထန်းတပင်ကျေးရွာအုပ်စုရှိအသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာသန်စွမ်းပြီးအာဟာရပြည့်ဝစွာ နေထိုင်နိုင်ရန်ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့က ထန်းတပင်ကျေးရွာအုပ်စုအတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်ခြင်း လုပ်ငန်းကိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to