နားမကြားသောကလေးများကျောင်း (၄၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားပြုလုပ်

ချမ်းမြသာစည်  စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်အကွက်(၈၅၈)၊ ရန်ကုန်-မန္တလေးလမ်းနှင့် စစ်ကိုင်းလမ်းခွဲရှိ နားမကြားသော ကလေးများကျောင်းတွင်  (၄၁)နှစ်မြောက် ကျောင်းနှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

နှစ်ပတ်လည် အခမ်းအနားတွင် နားမကြားသောကလေးများကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဆွေက ကျောင်း၏လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား/ သူများမှ အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်မှူး ဒေါ်မြင့်မြင့်သန်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဆွေနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း၊  အဆိုပါကျောင်းကို ၁၉၈၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား/ကျောင်းသူ (၇၀) ဦး ပညာသင်ယူလျက်ရှိကြောင်း သတင်းရရှိသည်။

ခင်စိမ်း၀င်း(မြို့နယ်ပြန်/ဆက်)