ဟိုပန် စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ကြီးကြပ်၍ သက်ဆိုင်ရာ ဆေးထိုးအဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးခဲ့ရာ ယနေ့အထိ အသက်(၁၈) အထက် ပြည်သူ(၆၅၄၈)ဦးထိုးနှံပေးပြီး ဖြစ်သည်။
ဟိုပန်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီး၌ ယခင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီး (၆)လပြည့်ပြီးသော အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အမျိုးသား(၉)ဦး၊ အမျိုးသမီး(၇)ဦး စုစုပေါင်းပြည်သူ(၁၆)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac) တစ်လုံးကို နှစ်ဦးနှုန်းဖြင့် ဆေးရှစ်လုံး ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီထံမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)