ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို အရှိန်အဟုန်မြှင့်​ ဆောင်ရွက်

ဖား​ဆောင်း စက်တင်ဘာ ၁၉

နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ကယားပြည်နယ်၊ ​​​ဘောလခဲခရိုင်၊ ဖား​​ဆောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-4 ၊ BA-5 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာ​ပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို အရှိန်အဟုန်မြှင့်​ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈)နာရီခွဲအချိန်က ဖား​ဆောင်းမြို့ ​အဝင်​အထက်တန်း​ကျောင်း​ရှေ့၊ ကိုဗစ်-၁၉ ​ရောဂါကြိုတင် ကာကွယ်​ရေး စစ်​ဆေး​သည့်ဂိတ်၌   ပြုလုပ်ခဲ့​ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာ​​​ပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်မြင့်ဦးနှင့် ကော်မတီအဖွဲ့ဝင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာ​ရေးဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့တို့ ပူးပေါင်း၍ “အပြင်ထွက်ပါက နှာခေါင်းစည်း (Mask)များကို တပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ သွားလာ နေထိုင်ကြရန်နှင့် တစ်ဦးတစ်ယောက်ချင်းစီအလိုက် မိမိတို့၏ကျန်းမာရေး အသိစိတ်များနှင့်အညီ ရောဂါကူးစက်မှုမရှိရေး သတိပြုနေထိုင်ကြရန်” အစရှိသည့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အသိပညာ​​​ပေးခြင်းနှင့် လမ်းသွားလမ်းလာ ပြည်သူများကို နှာခေါင်းစည်း (Mask) ၂၅၀ ခုအား အခမဲ့ဖြန့် ဝေပေးခြင်း၊ ကျန်းမာ​ရေးဦးစီးဌာနမှ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာ​ပေး လက်ကမ်းစာ​စောင်ဖြန့်​ဝေခြင်းနှင့် သတိပေးနှိုးဆော်မှုများကို စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နန်းသဲနု​​အောင်(ဖား​ဆောင်း)