ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ပုံပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ဝေါ စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတတ်စေရန်ရည်ရွယ်ကာ ပုံပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ အထက်တန်းကျောင်း ဝေါအရှေ့တို့ ပူးပေါင်း၍ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က ပြိုင်ပွဲနှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ပုံပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ကျင်းပရာ အခြေခံပညာ အထက်တန်းကျောင်း (ဝေါအရှေ့)မှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)