မိုင်းယန်းမြို့နယ်တွင် နံရံကပ်စာစောင်နှင့် နယ်လှည့်ဟောပြောပွဲကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးနှင့် ဝန်ထမ်းများသည် ယနေ့မွန်းလွဲ ၂ နာရီက ပါမိုင်ရပ်ကွက်အတွင်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ နံရံကပ်စာစောင်နှင့် နယ်လှည့်ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။