မြောင်းမြမြို့၌ ဆောင်းရာသီနေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်း ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် စိုက်ပျိုးပညာပေးဝန်ထမ်းများအား ဆောင်းရာသီနေကြာသီးနံ စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာပေး သင်တန်းကို ယနေ့နံနက် (၉)နာရီက မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။