ပင်လောင်းမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံဖြိုးတိုးတက်ရေး သင်တန်းကျောင်းမှ  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုအောင်မြင်သည့်  ကျောင်းသား၊ကျောင်းသူများက ဒီဂရီကောလိပ်နှင့် တက္ကသိုလ် အသီးသီးတွင် သင်တန်းဝင်ခွင့် ​ ရေးဖြေစာမေးပွဲဖြ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံဖြိုးတိုးတက်ရေးသင်တန်းကျောင်းမှ ​၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုအောင်မြင်ပြီး သတ်မှတ်ထားသည့်  အောင်မှတ်များရရှိသည့် ကျောင်းသား၊ ကျောင်းသူများက ပြ​ည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) နှင့်  ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေး B.Ed (၅)နှစ်သင်တန်း အမှတ်စဉ်(၁၀) အတွက်သင်တန်းဝင်ခွင့် ​ရေးဖြေစာမေးပွဲကို အဆိုပါ သင်တန်းကျောင်းအစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

မိုင်းစံတွင် အသက်(၈၅)နှစ်အထက် သက်ကြီး လူမှုရေးပင်စင်ထောက်ပံ့ခြင်း အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ မိုင်းစံမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ) အတွက် မိုင်းစံမြို့အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီး လူမှုရေးပင်စင် ငွေကြေးထောက်ပံ့ခဲ့ကြောင်း သိရှိရပါတယ်၊၊

ရေဦးမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဗီနိုင်းပိုစတာ စိုက်ထူ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ရေဦးခရိုင်၊ ရေဦးမြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်  စည်ပင်သာယာရေးဌာနတို့ပူးပေါင်း၍

ရသေ့တောင်မြို့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခြံဝင်းအတွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်းရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့၊ နံနက်(၇)နာရီအချိန်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခြံဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြသည်။

ကိုကိုးကျွန်းမြို့နယ်သို့ လေယာဉ်ခရီးစဉ် ပြေးဆွဲ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ၊ ဌာနဆိုင်ရာဝန်ထမ်းများ ၊ ဒေသခံပြည်သူများ သွားလာရေးလွယ်ကူစေရန်နှင့် စားသောက်ရေးအဆင်ပြေရန်အတွက်၊ တပ်မတော်လေမှ ယမန်နေ့ နံနက်(၈)နာရီအချိန်တွင် ခရီးသည်(၄၁)ဦးနှင့် ကုန်တန်ချိန် (၁၈၇၇)KG တင်ဆောင်ပြီး၊ ရန်ကုန်လေဆိပ်မှ ထွက်ခွာလာရာ ကိုကိုးကျွန်းလေဆိပ်သို့ နံနက်(၉)နာရီ အချိန်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်၌ အဝေးသင် ဒုတိယအသုတ် ဘာသာရပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုများချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အဝေးသင် ဒုတိယအသုတ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုများချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက တက္ကသိုလ်အားကစားကွင်း၌ ကျင်းပသည်။

ကရင်ပြည်နယ်အတွင်း ဆီဖူလုံမှုပြည့်မီစေရေး ဆီထွက်သီးနှံများကို အရှိန်အဟုန်မြင့် တိုးချဲ့စိုက်ပျိုးသွားမည်

ကရင်ပြည်နယ်အတွင်း ဆီးဖူလုံမှုရာခိုင်နှုန်းမှာ ၇၀ ရာခိုင်နှုန်းခန့်သာရှိပြီး ၁၀၀ ရာခိုင်နှုန်းပြည့်မီကျော်လွန် ဖူလုံစေရေးအတွက်  ကရင်ပြည်နယ်အစိုးရအဖွဲ့ ဆီဖူလုံရေးနှင့် ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စုပေါင်းသန့်ရှင်းလုပ်ငန်းဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ်စနေနေ့တိုင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ရပ်ကွက်နေပြည် သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အဖွဲ့သည် စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ညောင်တုန်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး စစ်ဆေးအရေးယူဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းရှိစေရေး ပညာပေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀နာရီခွဲအချိန်က ဆားမလောက်အထက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။

ရန်ကင်းမြို့နယ်တွင် စစ်ကြောင်းကြီးများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Mask Campaign နှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အုပ်ချုပ်ရေးစစ်ကြောင်း၊ ကာကွယ်ရေးစစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးစစ်ကြောင်း၊ ကျန်းမာရေးစစ်ကြောင်းများမှ ရန်ကင်းမြို့နယ် အမှတ် (၁၅) ရပ်ကွက် မြို့မစျေးတွင် Mask Campaign ပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Subscribe to