အိမ်မဲမြို့၌ ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ငါးပိဿာချိန်(၁၅၀)ရောင်းချပေး

အိမ်မဲ    စက်တင်ဘာ    ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးကန်လုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင် ရေထွက်ပစ္စည်းဝယ်ယူစုဆောင်းခွင့်လုပ်ငန်းရှင်များပူးပေါင်း၍ မြို့နယ်အတွင်းငါးသယံဇာတများရေရှည်တည်တံ့ပြီး ပြည်သူများငါးရိက္ခာဖူလုံစေရန်၊ ငါးစျေးနှုန်းတည်ငြိမ် ကျဆင်းလာစေရန်နှင့်ပြည်သူများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်၍ ပြည်သူများအားသက်သာသော စျေးနှုန်းဖြင့် ငါးပိဿာချိန်(၁၅၀)ကို ယနေ့နံနက်(၇:၃၀)နာရီအချိန်က အိမ်မဲမြို့ရေသိုးညောင်ဝိုင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး‌ရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။

ထိုသို့ရောင်းချပေးရာတွင် ငါးမြစ်ချင်းငါး၊ ငါးခေါင်းပွ၊ ငါးမုတ်၊ ကသပိုး၊ ငါးရှဉ်စသောငါးများအား ငါးပိဿာချိန်(၁၅၀)ကို ပြည်သူ(၁၀၀)ဦးတို့အား ဈေးနှုန်းချိုသာစွာဖြင့်ရောင်ချပေးခဲ့ရာ ရပ်ကွက်ကျေးရွာတွင်ရှိပြည်သူများ လာရောက်ဝယ်ယူခဲ့ကြကြောင်း သိရသည်။

အဆိုပါဈေနှုန်းချိုသာစွာ ငါးများရောင်းချပေးရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်၊ မြို့နယ်စည်ပင်သာရေးအဖွဲ့အမှုဆောင်အရာရှိဦးမျိုးဇော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အိမ်မဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူးဦးဟန်ဝင်းထွန်းနှင့် ဝန်ထမ်းများ၊ ငါးကန်လုပ်ငန်းရှင်များ ကိုယ်တိုင်ပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချပေးခဲ့ကြကြောင်းနှင့် အခြေခံလူတန်းစာများအတွက်လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သိရှိရသည်။

ဌေးဌေးလှိုင်(အိမ်မဲပြန်/ဆက်)