လေးမျက်နှာမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သိရှိစေရန် အသိပညာပေးခြင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ လေးမျက်နှာမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်ရာ ယနေ့နံနက်ပိုင်းက ခမောက်စုစျေးအတွင်း/အပြင်ရှိ ဈေးရောင်းဈေးဝယ် ပြည်သူများအား အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။