အင်္ဂပူ စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေးရှေ့တွင် ယနေ့နံနက်ပိုင်းက လမ်းသွားလမ်းလာပြည်သူများ နှင့် ဈေးရောင်း၊ ဈေးဝယ်များ အားကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ရေးအတွက် Mask Campaing ပြုလုပ်ခဲ့သည်။
Mask Campaing ပြုလုပ်လုပ်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ဦးဆောင်သောအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးနေမျိုးလင်းနှင့်ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင် ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းပြီး လမ်းသွားလမ်းလာ ပြည်သူများအားနှာခေါင်းစည်း Maskများဝေငှပေးခဲ့ပြီး မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်သူများအား နှာခေါင်းစည်း တတ်ဆင်အသုံးပြု ရောင်းဝယ်ရေးနှင့် ပလပ်စတစ်အိတ် သုံးစွဲမှု မရှိစေရေးတို့အား အသိပညာပေးခဲ့သည်။
အဆိုပါ Mask Campaing ပြုလုပ်ရာတွင် လမ်းသွား၊ လမ်းလာပြည်သူများ၊ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်သူများအား နှာခေါင်းစည်း Mask(၁၀၀၀)ခု ဝေငှခဲ့ ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ နှာခေါင်းစည်းMask ပုံမှန်တပ်ဆင်ကြရန် အသိပညာပေးခဲ့ကြောင်းသိရသည်။
မန်းကျော်-(ပြန်/ဆက်)