မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်း ရှိ၊ မရှိ ရှောင်တခင်စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်း ရှိ၊ မရှိကို ယနေ့တွင် မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ခရိုင်မြို့နယ် ရဲတပ်ဖွဲ့ဝင် မိသားစုများမှ လူမှုရေးလုပ်ငန်းများဖြင့် ကြိုဆိုဂုဏ်ပြု

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့၌ ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင် ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ခရိုင်ရဲတပ်ဖွဲ့ဝင်များ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ လူမှုရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်သူများသို့ ယူရီးယားဓါတ်မြေဩဇာများ ရောင်းချပေးခြင်းနှင့် ဆောင်းနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တောင်သူများသို့ ယူရီးယားဓါတ်မြေဩဇာများ ရောင်းချပေးခြင်းနှင့် ဆောင်းနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ကြို့ပင်ကောက်မြို့ မြို့လယ်ချောင်းတောင်သူ ပညာပေးစခန်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဈေးများတွင် Hand Speaker ဖြင့် သတိပေးနှိုးဆော်ခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကင်းမြို့နယ်အတွင်းရှိ စျေးများအတွင်း လက်ကိုင်အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ ဆိုင်ရာ သတိပေးနှိုးဆော်ခြင်းကို  ယမန်နေ့ နံနက် ၉:၀၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

(၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သော လင်းခေးခရိုင် ကိုယ်စားပြုပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီ အချိန်က မိုင်းပန်မြို့ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)မြို့မရှိ ချယ်ရီခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ် ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ကို ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဓါတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်း (၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနား ကျင်းပ

မြေပြင်တွင်အမှန်တကယ်ဓါတ်ပုံပညာများကို နားလည်ပြီး ခေတ်နှင့်အညီ ဓါတ်ပုံရိုက်ကူး တည်းဖြတ်တတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉:၀၀နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဓါတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်း (၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး ညောင်ဦးမြို့ရပ် ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။

ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများဆောင်ရွက်

နင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု စတင်တွေ့ရှိလာပြီ ဖြစ်သောကြောင့် ကိုဗစ်ရောဂါပိုး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ အာဇာနည်လမ်း၊ စည်ပင်သာယာစျေးကြီး အရှေ့ဘက်တွင် ခရီးသွားလာအများ ပြည်သူများအား ထားဝယ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

မြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အခမ်းအနားမှူးသင်တန်းကို ယမန်နေ့နေ့လယ် ၂ နာရီ အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Subscribe to