ပိုင်ကျုံ စက်တင်ဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ဒေါ်လန်းကျေးရွာအုပ်စု၊ ဒေါ်လန်းကျေးရွာတွင် ပြည်သူများ နှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၇)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ပိုင်ကျုံမြို့၊ ဒေါ်လန်းကျေးရွာအုပ်စု၊ ဒေါ်လန်းကျေးရွာရှိ လူစည်ကားသည့်နေရာများ၌ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် Mask တပ်ဆင်ခြင်းမရှိသည့် ပြည်သူများကို Maskများ အခမဲ့ ဝေငှပေးခဲ့ပြီး အများပြည်သူများ သိသင့်သိထိုက်သော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ရှောင်ရန်/ဆောင်ရန် အချက်များအား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းကို ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး ဒေါ်လန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဆောင်၍ ဒေါ်လန်း ရဲကင်းမှ ရဲတပ်ဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲဝင်များနှင့် ဒေါ်လန်းကျေးရွာ လူမှုကယ်ဆယ်ရေး အသင်းမှ စေတနာ့ဝန်ထမ်းများတို့က ပူးပေါင်း၍ Mask Campaign လုပ်ငန်းကို အပတ်စဉ် တနင်္ဂနွေနေ့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)