တိုင်းဒေသကြီးအတွင်း နေကြာသီးနှံသီးထပ်စိုက်ပျိုးနိုင်ရေးနှင့် ကော်ဖီတိုးချဲ့ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ နေကြာသီးနှံ သီးထပ်စိုက်ပျိုးနိုင်ရေးနှင့် ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။