လားရှိုးမြို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်ကယ် စီးဦးထုပ်(၅၀၀) လုံး၊ Mask နှင့် စတစ်ကာများပေးဝေ

လားရှိုး    စက်တင်ဘာလ ၂၅

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသခံပြည်သူများသို့ ဆိုင်ကယ်စီးဦးထုပ်များ၊ Mask များပေးဝေခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က လားရှိုးမြို့၊ ရပ်ကွက်(၁)၊ ဘူတာလမ်းပေါ်ရှိ  ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် ကျင်းပပြုလုပ်သည်။

ဒေသခံပြည်သူများကို ဆိုင်ကယ်စီးဦးထုပ်များပေးဝေသည့်နေရာသို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြင့်နိုင် ၊အမှတ်(၂၀) ယာဉ်ထိန်းရဲဒုတပ်ဖွဲခွဲမှ  ရဲမှူးမျိုးထိုက်၊ အမှတ်(၁၂၃) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (လားရှိုး)မှ ဒုရဲမှူး ထွန်းထွန်းဝင်းနှင့်ဦးစီးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများက ဘူတာလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ဒေသခံပြည်သူများကို ဆိုင်ကယ်စီး ဦးထုပ်၊နှာခေါင်းစီး Mask များ၊ စတစ်ကာများ ၊လက်ကမ်းစာစောင်များ ပေးဝေ ခဲ့ကြသည်။

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသခံပြည်သူများကို အမှတ်(၂၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ ဆိုင်ကယ်စီးဦးထုပ် (၅၀၀)လုံး၊ နှာခေါင်းစီး Mask (၁၀၀၀)ခု၊ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းပါစာတမ်းရေးသားထားသည့် စတေကာ (၅၀၀)ခု၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင် (၅၀၀)စောင်ကို ဒေသခံပြည်သူများထံ ပေးဝေခဲ့ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)