လွိုင်လင်မြို့၌ စားသုံးသူမိဘပြည်သူများအား အခြေခံစားသောက်ကုန်များ သက်သာသော‌ ဈေးနှုန်းဖြင့် ရောင်းချပေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ လွိုင်လင် တပ်နယ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ‌ဒေသခံ မိဘပြည်သူများအတွက် အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ကြက်သားနှင့် ဟင်းသီးဟင်းရွက်များကို ယနေ့နံနက် (၈)နာရီက မြို့မဈေးကြီးရှေ့တွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။

ဟိုင်းကြီးကျွန်းမြို့၌ ဗလမင်းထင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်ဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် အမှတ်(၃)ရပ်ကွက်၊ ဗလမင်းထင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၈၁၀'၁၂'၆") ဆောင်ရွက် ပြီးစီးနေမှုကို ဟိုင်းကြီးကျွန်းမြို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများမှ ယမန်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဟိုပုံးမြို့နယ်၌ နှာခေါင်းစည်း တပ်ဆင်သွားလာရေး လှုပ်ရှားမှုဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်ကြက်ခြေနီအသင်းမှ အသိပညာပေး လုပ်ငန်းဆောင်ရွက်ပြီး နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုကို စက်တင်ဘာ၂၅ ရက်နံနက် ၈ နာရီအချိန်က မြို့မစျေး၌ အခမဲ့ ဖြန့်ဝေခဲ့သည်။

ကျောက်ဖြူမြို့တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုတင်(၂၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၃၂)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များက ကုတင်(၂၀၀)ဆံ့ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်၌ ယနေ့နံနက်(၁၀)နာရီတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ်အတွင်း မုန်းသီတာစိုက်ပျိုးရေး ကုမ္ပဏီ(ဖူးပွင့်သမအသင်း)မှ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်း နေမှုအား ကြည့်ရှုကာ၊ ရွာခိုင်ကျေးရွာအုပ်စုမှ မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ စက်တင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုရှိ မုန်းသီတာ စိုက်ပျိုးရေး ကုမ္ပဏီ(ဖူးပွင့်သမအသင်း)မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မော်လမြိုင်မြို့လုံးဆိုင်ရာ ဆွမ်းဆန်တော် လောင်းလှူရေစက်ချပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည့် မွန်ပြည်နယ်အစိုးရအဖွဲ့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုစုပေါင်းလှူဒါန်းသည့် မော်လမြိုင်မြို့နယ်အတွင်းရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား(၁၈၈)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးစီးမှု ရေစက်ချမင်္ဂလာအခမ်းအနားကို

တကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အသိပညာ ပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို ယမန္နေ့နံနက် (၇)နာရီက လူစည်ကားရာနေရာများနှင့် ဈေးလမ်း ဆုံတို့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ခုတင်(၅၀၀)အရိုးအထူးကုပြည်သူ့ဆေးရုံ၌ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း အခြေခံပညာစာသင်ကျောင်းများတွင် ပြည်သူ့ အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Mask Campaign ပြုလုပ် ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်း အခြေခံပညာအဆင့် စာသင်ကျောင်းများမှာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်များအသီးသီးတွင် ကျောင်းပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ စင်တင်ဘာလ ၂၄ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၆) အခြေခံပညာ အလယ်တန်းကျောင်း၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အများပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့‌ကြောင်း သိရသည်။
Subscribe to