မိုင်းပန်မြို့နယ် နှစ်ကျိပ်ရှစ်ဆူဘုန်းတော်ကြီးကျောင်းဝင်းအတွင်း မြေသန့်မင်္ဂလာ အန္တရာယ် ကင်း ကမ္မဝါစာများ ရွတ်ဖတ်သရဇ္ဇျယ်ခြင်းပြုလုပ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ရွာသစ်ရပ်ကွက်ရှိ နှစ်ကျိပ်ရှစ်ဆူ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း မြေသန့်မင်္ဂလာ အန္တရာယ်ကင်းကမ္မဝါစာများ ရွတ်ဖတ်သရဇ္ဇျယ်ခြင်းကို ယမန်နေ့ ညနေ (၄) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။