လက်ပံတန်းမြို့၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျော့ချရေး Campaign ဆောင်ရွက်

လက်ပံတန်း   စက်တင်ဘာ    ၂၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်း သဘာဝသယံဇာတဂေဟစနစ်ကို ပျက်ဆီးစေသော  ကြွတ်ကြွတ်အိတ် သုံးစွဲမှုလျော့ချရေး Campaign လှုံ့ဆော်ရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာ မြို့မဈေး၌ ပြုလုပ် ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လက်ပံတန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစန်းဝင်းဦးဆောင်သည့် ဈေးကော်မတီဝင်များနှင့် ဝန်ထမ်းများသည် သဘာဝသယံဇာတဂေဟစနစ်ကို ပျက်စီးစေသော ကြွပ်ကြွပ်အိတ်သုံးစွဲမှုကို လျော့ချရန်အတွက် ဈေးရောင်းဈေးဝယ်သူ ပြည်သူများအနေဖြင့် ကြွပ်ကြွပ်အိတ် အသုံးပြုခြင်းကို လုံးဝမပြုလုပ်ရန်၊ ကြွပ်ကြွပ်အိတ်အစား စက္ကူ၊ စက္ကူအိတ်၊ ငှက်ပျောရွက်၊ အင်ဖက်စသည်တို့ကို အစားထိုးအသုံးပြုရန်၊ ရက်သတ္တတစ်ပတ်လျှင် တနင်္ဂနွေနေ့တိုင်း ဈေးရောင်းဈေးဝယ်သူ ပြည်သူများအနေဖြင့် ကြွပ်ကြွပ်အိတ်ကို လုံးဝအသုံးမပြုခြင်းဖြင့် လိုက်ပါဆောင်ရွက်ပြီး ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့ချရေး Campaign ဆောင်ရွက်ပေးပါရန် လှုံ့ဆော်ကာ ဈေးဆိုင်များသို့ စက္ကူအိတ်၊ ငှက်ပျောရွက်နှင့် အင်ဖက်များ ဖြန့်ဝေပေးပြီး၊ လှုံ့ဆော်ရေးအသိပေးချက် ဗီနိုင်းများချိတ်ဆွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)