မြစ်သားမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင်တိရစ္ဆာန်မွေးမြူရေးအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦစီးဌာနတို့ပူးပေါင်း၍ တိရစ္ဆာန်မွေးမြူရေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ကျင်းပကြောင်း သိရသည်။

ဒလမြို့နယ်တွင် စာအုပ်၊ စာစောင်များ Mobile Library စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များအခမဲ့ဌားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံးသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ကျောက်ဆည်မြို့တွင် မွေးစအရွယ်မှအသက်(၁၀)အထိ ပုံမှန်ကာကွယ်ဆေးများထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ကာကွယ်ဆေးထိုးဌာနတွင် ယနေ့နံနက်(၉)နာရီက မွေးစအရွယ်မှအသက်(၁၀)နှင့်အတွင်းကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဒလမြို့နယ်၌ စာပေချစ်မြတ်နိုးသူစာပေဝါသနာရှင်များမှ Book Club အဖွဲ့နှင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉:၃ဝ အချိန်က စာရေးဆရာဒေါက်တာမြင့်သန်းထွန်းရေးသားသည့် ရှုထောင့်အထွေထွေကျန်းမာရေးဆိုင်ရာအမေးအဖြေစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ  ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ဆက်တိုက် ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ် အထက်ရှိပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံခြင်း ၆ လပြည့်ပြီးသည့် မြို့နယ်နေပြည်သူများအား ယမန်နေ့မွန်းလွဲ ၂ နာရီမှစ၍ ခနောင်တိုအရှေ့ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

သံတောင်ကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်သူများထံသို့ စာအုပ်များအခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ   စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် စာကြည့်တိုက်သို့  အကြောင်းအမျိုးမျိုးကြောင့်မလာရောက်နိုင်သည့်  စာဖတ်သူများ အလွယ်တကူစာပေလေ့လာဖတ်ရှုနိုင်ရန် ယမန်နေ့နေ့လယ်(၃)နာရီအချိန်က   နယ်လှည့် စာကြည့်တိုက်ကို   သံတောင်ကြီးမြို့ရပ်ကွက်(၂)၌   ကွင်းဆင်း၍ စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ ကြောင်းသိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးရာသီ ပဲမျိုးစုံ(၁၀၈၄၉)ဧကစိုက်ပျိုးထားရှိ ပဲတီစိမ်းများစတင်ခူးဆွတ်နေပြီဖြစ်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ ဒေသခံတောင်သူများ၏ လယ်ယာမြေများတွင် ယခုနှစ်မိုးရာသီ၌ ပဲမျိုးစုံ(၁၀၈၄၉)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ပင်းတယမြို့ရှိ သဘာဝပုန်းတလုတ်ရေကန် လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းသာယာလှပရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သည် ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည်များ အထူးစိတ်ဝင်တစား လာရောက်လည်ပတ်လေ့ရှိရာ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယနေ့နံနက်က သဘာဝပုန်းတလုတ်ရေကန် လမ်းဘေးဝဲယာတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

အုတ်တွင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)နေကြာမျိုးစေ့နှင့် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများစားသုံးဆီဖူလုံစေရေးနှင့် စားဝတ်နေရေးအဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)နေကြာမျိုးစေ့နှင့် ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က သာဂရကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်၌ မိုးကောင်းသောက်စပါးများဖြစ်ထွန်းအောင်မြင်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရာသီဥတုကောင်းမွန်သဖြင့် စပါးထွက်တိုးရန် သေချာကြောင်း ရေဖြူမြို့နယ် (က)ရပ်ကွက် မိုးစပါးစိုက်ပျိုးတောင်သူ ဦးမျိုးနိုင်က ပြောကြားသည်။
Subscribe to