တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့  ထွက်ခွာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့်မြန်မာအလုပ်သမားများ စေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားအမျိုးသား (၂၄၁)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။

မြောင်မြို့တွင် ငါးသယံဇာတ ထိန်းသိမ်းရေး သိကောင်းစရာ Talk Show ပြုလုပ်

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်၍ “ငါးသယံဇာတ ထိန်းသိမ်းရေး သိကောင်းစရာ အကြောင်း'' Talk Show ကို ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပွင့်ဖြူမြို့နယ်၌ ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည့် ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပခဲ့သည်။

လောင်းလုံးမြို့နယ်၊ လူအခြေပြုဗဟိုဌာန Community centre တွင် ပြိုင်ပွဲများကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်စေရန်၊ စာကြည့်တိုက်သို့ အမြဲလာရောက်၍ စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်သည်။

အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များအခမဲ့ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မိုင်းခတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာအထက်တန်း‌ကျောင်း (မိုင်းခတ်)တို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အားလပ်သည့် အချိန်တွင် စာကြည့်တိုက်၌ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး၊ စာဖတ်သည့် အလေ့အထရရှိစေရေးနှင့် စဉ်းစားတွေးခေါ်မှုမြှင့်မားစေရေးအတွက် ဆေးရောင်ခြယ် ပြိုင်ပွဲကို ယမန်နေ့မွန်းလွှဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။

သပိတ်ကျင်းတပ်နယ်မှ (၇) မိုင်ကျေးရွာရှိ ပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေး

မန္တ​လေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် (၇) မိုင်ကျေးရွာ၌ ပြည်သူများ လိုအပ်ချက်ဖြစ်သည့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် သပိတ်ကျင်းတပ်နယ်မှ (၇) မိုင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယမန်နေ့နံနက် (၇) နာရီမှ (၉) နာရီခွဲခန့် အထိ ဒုတိယအ​ကြိမ် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် စိတ်ကြိုက်ပန်းချီပြိုင်ပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းတွင်  စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ခုံလုတန်းပြိုင်ပွဲ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငါ့သရောက်မြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ပြည်သူများ ဗို့အားပြည့်မီစွာ အသုံးပြုနိုင်ရေးအတွက် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်လင်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ငါ့သရောက်မြို့ လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ မြို့လျှပ်စစ်မန်နေဂျာ ဦးဝင်ထွန်းနှင့် ဝန်ထမ်းများမှ ယမန်နေ့နံနက် ၈ နာရီမှစ၍ လျှပ်စစ်ဓာတ်အားပေးလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ကွင်ဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to