ကျောက်ဆည် အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ကာကွယ်ဆေးထိုးဌာနတွင် ယနေ့နံနက်(၉)နာရီက မွေးစအရွယ်မှအသက်(၁၀)နှင့်အတွင်းကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကာကွယ်ဆေးများထိုးနှံပေးရာ၌ အပတ်စဉ်အင်္ဂါနေ့နှင့်ကြာသာပတေးနေ့များတွင် ကာကွယ်ဆေးထိုးဌာန၌ မွေးစအရွယ်တွင် အသည်းရောင်အဝါ (ဘီ)၊ (၂)လအရွယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ပိုလီယို၊ ပြင်း ထန်အဆုပ်ရောင်၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ (၄)လအရွယ်တွင်ပြင်းထန်ဝမ်းပျက် ဝမ်းလျှော၊ ပိုလီယို၊ ပြင်းထန်အဆုပ်ရောင်၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ (၆)လ အရွယ်တွင် ပိုလီယို၊ပြင်းထန်အဆုပ်ရောင်၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ (၉)လအရွယ်တွင် ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး၊ (၁)နှစ်ခွဲအရွယ်တွင် ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ဝက်သက်ဂျိုက်သိုး၊ (၉)နှစ်အရွယ်နှင့် ၁၀)အရွယ်တို့တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများအပြင် ကိုယ်ဝန်ဆောင်မိခင်လောင်များပါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)