ပင်းတယ အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သည် ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည်များ အထူးစိတ်ဝင်တစား လာရောက်လည်ပတ်လေ့ရှိရာ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယနေ့နံနက်က သဘာဝပုန်းတလုတ်ရေကန် လမ်းဘေးဝဲယာတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ(ပင်းတယ)မှ အမှုဆောင်အရာရှိ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးဝန်ထမ်းများမှ ပင်းတယမြို့နယ်အတွင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများအတွင်း ရွံ့မြေများ၊ နုန်းမြေများ၊ အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားခြင်း၊ ချုံနွယ်ပင်များရှင်းလင်းခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းတို့ကို အစဉ်တစိုက်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)