ဒလမြို့နယ်၌ စာပေချစ်မြတ်နိုးသူစာပေဝါသနာရှင်များမှ Book Club အဖွဲ့နှင့် စာဖတ်ဝိုင်းကျင်းပ

ဒလ အောက်တိုဘာ ၁၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉:၃ဝ အချိန်က စာရေးဆရာဒေါက်တာမြင့်သန်းထွန်းရေးသားသည့် ရှုထောင့်အထွေထွေကျန်းမာရေးဆိုင်ရာအမေးအဖြေစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သီတာဝင်းက စာဖတ်ဝိုင်းများကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ စာပေချစ်မြတ်နိုးသူများအသင်း (Women Club)အဖွဲ့ဝင် ဒေါ်ဟေမာန်နှင်းက စာရေးဆရာဒေါက်တာမြင့်သန်းထွန်းရေးသားသည့် ရှုထောင့်အထွေထွေကျန်းမာရေးဆိုင်ရာအမေးအဖြေ စာအုပ်ထဲမှာပါသည့် အပူရှပ်ခြင်းနှင့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပါခေါင်းစဉ်ဖြင့် တက်ရောက်လာသော စာပေဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်မားစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online Page မှ တစ်ဆင့်စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်များငှားရမ်းခြင်း၊ (Talk Show)နှင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းအပြင် သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများ ကိုလည်းကျင်းပပြုလုပ်ပေးလျက်ရှိပါသည်။

မြင့်ဇော် (ပြန်/ဆက်)