သံတောင်ကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်သူများထံသို့ စာအုပ်များအခမဲ့ငှားရမ်းပေး

သံတောင်ကြီး   အောက်တိုဘာ   ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ   စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် စာကြည့်တိုက်သို့  အကြောင်းအမျိုးမျိုးကြောင့်မလာရောက်နိုင်သည့်  စာဖတ်သူများ အလွယ်တကူစာပေလေ့လာဖတ်ရှုနိုင်ရန် ယမန်နေ့နေ့လယ်()နာရီအချိန်က   နယ်လှည့် စာကြည့်တိုက်ကို   သံတောင်ကြီးမြို့ရပ်ကွက်()   ကွင်းဆင်း၍ စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ ကြောင်းသိရသည်။

ထိုသို့ စာအုပ်များကွင်းဆင်းဌားရမ်းပေးရာတွင် သုတစာအုပ်၊ တ္ထု၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ပုံပြင်၊ ရုပ်ပြစသည့် စာအုပ်များစုံလင်စွာ   ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သည့်စာအုပ်များအား တစ်ပတ်လျှင် တစ်ကြိမ်စာအုပ်အသစ်များဖြင့် အပတ်စဉ် လှည့်လည်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နော်နော်မူ