ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၁၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ဆက်တိုက် ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ် အထက်ရှိပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံခြင်း ၆ လပြည့်ပြီးသည့် မြို့နယ်နေပြည်သူများအား ယမန်နေ့မွန်းလွဲ ၂ နာရီမှစ၍ ခနောင်တိုအရှေ့ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင်ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် ၁၈ နှစ်အထက်ရှိသည့် မြို့နယ်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးအဖြစ် (Myancopharm)ဆေးဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ မြို့နယ်နေပြည်သူ ၄၅၂၇ အား ထိုးနှံပြီးကြောင်းနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် မြို့နယ်နေပြည်သူများကိုလည်း ယခုကဲ့သို့ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ(IPRD)