နတ်မောက်မြို့ မြို့နယ်မြေဩဇာ ဖြန့်ဖြုးရောင်းချရေးကော်မတီဖြင့် ယူရီယားဓာတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ မြို့နယ်မြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီမှ ယူရီယားဓာတ် မြေဩဇာများ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး‌တွင် ယနေ့နံနက်(၈:၃၀)အချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အခြေခံစားသောက်ကုန် လာရောက်ဝယ်ယူကြသောပြည်သူများ၊ လမ်းသွားလမ်းလာခရီးသွားပြည်သူများ နေအိမ်မှ ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေးရည်ရွယ်၍ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံတိုက်နယ်ဆေးရုံနှင့် မြို့ပေါ်ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။

သီပေါမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များ လက်ဝယ်အရောက် သွားရောက် ငှားရမ်းပေးခြင်း များဆောင်ရွက်

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မင်းဘူး (စကု) မြို့နယ်၌ ဆောင်းနေကြာသီးနှံများ စတင်စိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်ရှိ ကျေးရွာများ၌ နှောင်းပိုင်းမိုး ရွာသွန်းပြီးချိန် ဆောင်နေကြာသီးနှံများကို စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ရွာငံမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသ‌နေပြည်သူများတွေ့ဆုံ

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊‌ ကျန်တောကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းနှင့် ဒေသ‌နေပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက် (၁၀ )နာရီက ကျင်းပခဲ့သည်။

ပုဇွန်တောင်မြို့နယ်အတွင်းရှိ အမှတ်(၂)ရပ်ကွက်တွင် သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် နေ့စဉ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၏စီမံကြီးကြပ်မှုဖြင့် မြို့နယ်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်တွင် သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်သည်။

ရှမ်းပြည်နယ်၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းမှ ဝန်ထမ်းများစွမ်းရည်မြင့်မားရေး အွန်လိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေးအတွက် သင်တန်းများ ဖွင့်လှစ် ပို့ချပေးလျက်ရှိရာ ရှမ်းပြည်နယ်၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းမှ ဝန်ထမ်းများ စွမ်းရည်မြင့်မားရေး အွန်လိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက်(၉)နာရီက Viedo Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့ သမိုင်းဝင်မြို့တွင်းဆုတောင်းပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများလောင်းလှူပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထ္လီလာမြို့ မြို့မရပ်ကွက်တွင် တည်ထားကိုးကွယ်သော သမိုင်းဝင်မြို့တွင်းဆုတောင်းပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများလောင်းလှူပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က အဆိုပါ ဆုတောင်းပြည့်ဘုရားပရဝုဏ်အနီးတွင် ကျင်းပကြောင်းသိရသည်။
Subscribe to