ရေဖြူမြို့နယ်၌ မိုးကောင်းသောက်စပါးများဖြစ်ထွန်းအောင်မြင်

ရေဖြူ  အောက်တိုဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရာသီဥတုကောင်းမွန်သဖြင့် စပါးထွက်တိုးရန် သေချာကြောင်း ရေဖြူမြို့နယ် (က)ရပ်ကွက် မိုးစပါးစိုက်ပျိုးတောင်သူ ဦးမျိုးနိုင်က ပြောကြားသည်။

ရေဖြူမြို့နယ်တွင် မိုးရာသီ၌ စပါးစိုက်ပျိုးခြင်းအား ဇွန်လ၊ ဇူလိုင်လများတွင် စတင်စိုက်ပျိုးကြပြီး ဇွန်လတွင်ပျိုးထောင်ထားသော ရက်‌ ပေါင်း၃၀ မှ ၄၅ရက်အတွင်း စပါးပျိုးပင်များကို ပျိုးခင်းမှ နှုတ်ပြီးစိုက်ပျိုးကြကြောင်းသိရသည်။

ရေဖြူမြို့နယ်တွင် မိုးရေကိုအဓိကထားစိုက်ပျိုးပြီး စပါးခင်းများထဲသို့ သဘာဝမြေဆွေးနှင့်ဓာတ် မြေသြဇာများကို ဝါခေါင်လနှင့်တော်သလင်းလတို့တွင် ကြဲပက်ထည့်သွင်းကြကြောင်း သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလများတွင် စတင်ရိတ်သိမ်းတော့မည်ဖြစ် ကြောင်းသိရသည်။

ရေဖြူမြို့နယ်တွင် မိုးစပါးအထွက်နှုန်းကောင်းပြီး တစ်ဧကတင်း၉၀ မှ တင်း၁၂၀ထိ ထွက်ရှိကြကြောင်း ယခုနှစ်တွင် ရေကြီးနစ်မြှပ်မှုမရှိခြင်းကြောင့် ပျက်စီးဆုံးရူံးမှုမရှိပဲ မိုးစပါးများအပင်ဖြင့် ဖြစ်ထွန်းမှုကောင်းခြင်းနှင့် ရိတ်သိမ်းချိန်တွင်စပါးအထွက်နှုန်းကောင်းနိုင်ကြောင်း တောင်သူ ဦးမျိုးနိုင်ထံမှသိရသည်။

ရေဖြူမြို့နယ်တွင် ယခု၂၀၂၂ ခုနှစ်၌ မိုးစပါးစိုက်ဧက ၂၄၈၆၀ ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနထံမှသိရသည်။

ခတ္တာ