မြစ်သား အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦစီးဌာနတို့ပူးပေါင်း၍ တိရစ္ဆာန်မွေးမြူရေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ကျင်းပကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါက်တာနေလွင်ထူးက ဒေသခံမွေးမြူရေးသမားများနှင့် တောင်သူများသိရှိစေရန်အတွက် ဒေသနွားများမျိုးမြင့်တင်ရေးအကြောင်းအရာများဖြစ်သည့် နို့စားနွား မွေးမြူရေး၏ အဓိကအချက်ဖြစ် သောနွားမများနို့ထွက်နှုန်းကောင်းပြီးနို့ပေးကာလ တာရှည်၍နို့များ ရရှိရန်၊နို့ထုတ်ပေးသည့် နို့အုံ၏တည်ဆောက်ပုံနှင့်၊ နို့ထုတ်လုပ်ပုံများကို မွေးမြူရေးသမားများသိရှိ ထားရမည့်အကြောင်းအရာများ၊ နွားမများနို့ထုတ်လုပ်သည့် နို့အုံရှိဆဲလ်များအကြောင်း၊ နို့ပေးနွားမများ ကိုတစ်ရက်လျှင် ရေလေးကြိမ်မှ ငါးကြိမ်ထိ သောက်သုံးစေခြင်းဖြင့်စားသုံး မှုမှရရှိသည့် အာဟာရများ ကို ခန္ဓာကိုယ်ထိန်းသိမ်းမှု၊ ခန္ဓာကိုယ်ဓာတ် ပြောင်းလဲမှုများနှင့်နို့ထုတ်လုပ်မှု အတွက် ခွဲဝေသုံးစွဲရခြင်း ကြောင့် နို့ထုတ်လုပ် မှုအတွက် ထိရောက်စွာအဓိကဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရေ၊ဂလူးကို့စ်၊ အဆီဓာတ်နှင့်အသားဓာတ်များကို နို့အုံရှိဆဲလ်များက နို့ရည်အဖြစ်ပြောင်းလဲပေးကြောင်း၊ နို့ရည်တွင် ရေ၊ နို့၊ သကြား၊ အဆီနှင့်ပရိုတိန်းများပါဝင်ကြောင်း နွားစာတွင်အစာနုရောစပ်စာကို တိုးမြင့် ကျွေးမွေးပါက နို့ထွက်နှုန်းကိုပိုစေပြီး နို့ပရိုတိန်းတိုးမြင့်စေကာ အဆီပါဝင်မှု လျော့နည်းစေကြောင်းနှင့် နို့မညှစ်မှီလိုက်နာရမည့် အချက်များ၊နို့ညှစ်နည်းအမျိုးမျိုး၊ နွားနို့ညှစ်ရာတွင်တစ်ရက်လျှင် နှစ်ကြိမ်နှုန်း ညှစ်မည်ဆိုပါကတစ်ချိန်နှင့်တစ်ချိန် (၁၂)နာရီအညီအမျှခြား၍ ညှစ်ခြင်းသည် အကောင်းဆုံးနည်းဖြစ်ပြီး နို့ထွက်နှုန်းအကောင်းဆုံးဖြစ်ကြောင်း အစရှိသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိ ပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။
ရဲနိုင်ဦး(မြစ်သား)