ချီဖွေမြို့နယ်၌ ကိုဗစ်-၁၉‌ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး လိုက်နာရမည့် စည်းကမ်းချက်များအား အသိပညာပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌   ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များအား အသိပညာပေးခြင်းကို အောက်တိုဘာ ၁၄ ရက်နေ့ ည‌(၇)နာရီခွဲတွင် မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်အတွင်း Hand Speaker ဖြင့် အသိပေးနှိုးဆော်ခြင်းများကို အရှိအဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဝါးခယ်မမြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ လာရောက်၍ မဲရုံသုံးပစ္စည်းများ၊ မဲဆန္ဒရှင်လက်မှတ်များအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ အောက်တိုဘာလ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များလာရောက်၍ မဲရုံသုံးပစ္စည်းများ၊ မဲဆန္ဒရှင် လက်မှတ်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သူများအနေဖြင့် စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် အခြေခံရှေးဦးပြုစုနည်းသင်တန်းဖွင့်လှစ်သင်ကြားပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းခွဲအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သူများအနေဖြင့် စနစ်တကျဆောင်ရွက် တတ်စေရန်အတွက် အခြေခံရှေးဦးပြုစုနည်းသင်တန်းကို (၁၂.၁၀.၂၀၂၂)ရက်နေ့မှ (၁၈.၁၀.၂၀၂၂) ရက်နေ့ အထိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

ရှင်ဗွေယန်မြို့ စည်ပင်သာယာစျေး၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Mask campaign ပြုလုပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Mask Campaign ကို အောက်တိုဘာ ၁၆ ရက်နေ့ နံနက် ၇ နာရီတွင် မြို့စည်ပင်သာယာစျေး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မအူပင်ခရိုင်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန် အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်အကြောင်း သိကောင်းစရာ အသိပညာ‌​ပေး Talk Show ကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

တနိုင်းမြို့နယ်၌ ပြည်သူများ နှာခေါင်းစည်း (Mask)တပ်ဆင်သွားလာရေး အသိပညာပေးပြီး Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရမှုမရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာသည့် အလေ့အကျင့်များ လိုက်နာကျင့်သုံးစေရန် Mask Campaign အရှိန်အဟုန်မြှင့်အသိပညာပေးခြင်းကို ယမန်နေ့ နံနက် (၈) နာရီက တနိုင်းမြို့ လီဒိုလမ်းမကြီးပေါ်ရှိ တံတားထိပ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ဘိုးလူဝကျေးရွာအုပ်စု၊ တံခွန်တိုင် ကျောင်းလေးကျောင်းတိုက် ဘုန်းတော်ကြီးကျောင်းတွင် ကျိုက်လတ်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီခန့်က ကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကောမတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to