ဒလမြို့နယ်တွင် စာအုပ်၊ စာစောင်များ Mobile Library စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်

ဒလ အောက်တိုဘာ ၁၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များအခမဲ့ဌားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံးသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ လာရောက်ရန် အခက်အခဲရှိပြီး အလုပ်တာဝန်မအားလပ်သည့် စာဖတ်ပရိတ်သတ်များကို စာပေဖတ်ရှုလေ့လာစေရန် ရည်ရွယ်၍ ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးမြမိုးနှင့် ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ၊ ရသစာအုပ်(၂၅)အုပ်ကို အခမဲ့သွားရောက်ငှားရမ်းပေးခြင်းကို ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီးစာဖတ်ချိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင် ဌားရမ်းပေးခြင်းကို ဌာနဆိုင်ရာနှင့် စာသင်ကျောင်းများသို့ အလှည့်ကျသွားရောက်ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကအပတ်စဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်ဇော် (ပြန်/ဆက်)