နမ့်ဆန်မြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရန်ပုံငွေများထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်(၅)ဘီလီယံ ခွဲဝေချထားပေးခဲ့ပြီးဒေသတွင်းရှိ စိုက်ပျိုး/မွေးမြူးရေးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေစေရန်ရည်ရွယ်၍ ညှိနှိုင်းအစည်းအဝေးကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လည်(၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။

သတင်းမှန်ပြန်ကြားရေးကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ပဲခူးတွင်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သတင်းမှန်ပြန်ကြားရေးကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းဝေးကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သတင်းမှန် ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက “မီဒီယာကဏ္ဍသည် နိုင်ငံတော်အခန်းကဏ္ဍတွင် စတုတ္ထမဏ္ဍိုင်ဖြစ်ကြောင်း၊ မီဒီယာများအနေဖြင့် ပြည်သူများ သတင်းအမှန်သိရှိစေရန် အရှိကို အရှိအတိုင်း အစွဲအလမ်းကင်းစွာဖြင့် ထုတ်ပြန်ပေးကြရန်လိုကြောင်း၊ ယနေ့အချိန်ကာလသည် ပြည်သူများ သတင်းအမှန်သိရှိရန် လိုအပ်သဖြင့် တက်ရောက်လာသော သတင်းမီဒီယာသမားများမှ ပြည်သူများ သတင်းအမှန်သိရှိရေးအတွက် မိမိတို့သက်ဆိုင်ရာ ဂျာနယ်၊ စာစောင်၊ Social Media များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများအပေါ် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတတ်ရေးဆောင်ရွက်ချက် များအားလည်း မှန်မှန်ကန်ကန် ပြည်သူများထံသို့ အသိပေးကြရန် တိုက်တွန်းမှာကြားပါကြောင်း”

ညောင်တုန်းမြို့နယ်တွင် လေဘေးသင့်နေအိမ်နှင့် အိမ်ထောင်စုဝင်များအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးသည်း ထန်စွာရွာသွန်းပြီး လေတိုက်ခတ်မှု ကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များနှင့် အိမ်ထောင်စုဝင်များအတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေ များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ပန်းတနော်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆင်းသုခမိုးစပါး စံကွက်ရိတ်သိမ်းခြင်းကွင်းသရုပ်ပြ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ဆင်းသုခ မိုးစပါး စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျုံတုံးကြီးကျေးရွာအုပ်စု တောင်သူ ဦးသန်းဇော်၏ လယ်ယာမြေ (၃၀)ဧကတွင် ပြုလုပ်ခဲ့သည်။

ပန်းတနော်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ မီးဘေးအန္တရာယ်လုံခြုံရေးအတွက် လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စာသင်ကျောင်းများ မီးဘေးအန္တရာယ် လုံခြုံရေး အတွက် လိုက်လံစစ်ဆေးအကြံပြု ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ စာသင်ကျောင်းများတွင် ဆောင်ရွက်ခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လွိုင်လင်မြို့၌ ဆေးသိုလှောင်ရုံ RCC တစ်ထပ်တည်ဆောက်ရေးလုပ်ငန်း ၅၀ ရာခိုင်နှုန်းပြီးစီး

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လွိုင်လင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးသိုလှောင်ရုံ (၅၀ ပေ ၊ ၄၀ ပေ ) RCC တစ်ထပ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင် သည် ယနေ့ နံနက် (၁၀) နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌  ကျောင်းသား/ကျောင်းသူများအသိပညာ ဗဟုသုတရရှိစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍  ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး  အသိပညာ ဗဟုသုတတိုးပွားစေရေးအတွက်  စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို  အခမဲ့ငှာ းရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နေ့လယ် ၁၁ နာရီအချိန်တွင် လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့် တိုက် ဖွင့်လှစ်ပေးပြီး  အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ် ဒေသဖွံဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်း​သေကြီး၊ သပိတ်ကျင်းခရိုင်၊သပိတ်ကျင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ဒေသဖွံဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)ရုံးတွင် တပ်ဖွဲ့ဝင်မွမ်းမံ စွမ်းဆောင်ရည်မြင့်သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အမှတ်(၃)ရပ်ကွက်၊ မီးသတ်ဦးစီးဌာနလမ်းရှိမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ဖွင့်လှစ်ခဲ့သော တပ်ဖွဲ့ဝင်များ စွမ်းဆောင်ရည်မြှင့်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to