ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသည့် မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးရွာအုပ်စုများတွင် ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းတွဲဖက်ကာ ဆောင်းသီးနှံတစ်မျိုးဖြစ်သော မြေပဲစိုက်ပျိုးသည့်လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး မြေပဲစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့နယ် ဘောလုံးအသင်းမှ အောင်နိုင်ရေးအလံနှင့် အောင်နိုင်ရေးဒိုင်း ဆုပေးအပ်ပွဲကျင်းပ

မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံတော်မှ အားကစားနည်းများကို ကဏ္ဍအလိုက် ဘက်ပေါင်းစုံမှ အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၁၈) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ  မြို့နယ်အလိုက် မြို့နယ်အဆင့်အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ကရင်ပြည်နယ်တွင် ကျင်းပခဲ့ရာ မြဝတီမြို့နယ်ကိုယ်စားပြု အမျိုးသားဘောလုံးအသင်းမှ အောင်နိုင်ရေးအလံနှင့် အောင်နိုင်ရေးဒိုင်းဆု (ပထမ) ကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ခမောက်ကြီးမြို့ ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်စာအုပ်ငှားရမ်းခြင်းများ ဆောင်ရွက်လျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်များအား ခမောက်ကြီးမြို့အတွင်း နယ်လှည့်စာအုပ်ငှားရမ်းသည့်စနစ်ဖြင့် ယမန်နေ့ညနေပိုင်းက ငှားရမ်းပေးခဲ့သည်။

ပန်းတောင်းမြို့နယ် သူရဲတန်းကိုင်းခုံများတွင် ဆောင်းနေကြာစိုက်ပျိုးရေး ကိုတောင်သူများနှင့်တွေ့ဆုံ၍ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သူရဲတန်းကိုင်းခုံများတွင် ဆောင်းနေကြာစိုက်ပျိုးရေးကို တောင်သူများနှင့်ယမန်နေ့နေ့လယ်ပိုင်းက ပဲကြီစခန်း၌တွေ့ဆုံ၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ်တွင် ကြက်ခြေနီအခြေခံရှေးဦးသူနာပြု(၆/၂၀၂၂)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အ.ထ.ကမင်းရွာ အခြေခံပညာအထက်တန်းကျောင်း၌  မြို့နယ်ကြက်ခြေနီအသင်းမှ ကြီးမှူးကျင်းပသော  အခြေခံရှေးဦးသူနာပြု(၆/၂၀၂၂ )သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  အဆိုပါကျောင်းရှိ အောင်ရတနာခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။

သနပ်ပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ တိုင်ရင်းဆေးပညာအကြောင်း သိကောင်းစရာ (Talk Show)ဆွေးနွေးပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးနှင့် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့ပူးပေါင်၍ တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ညောင်ဦး မြို့နယ် ပုဂံမြို့ဟောင်းရှိရတနာမာရ်အောင်ကျောင်းတိုက်အတွင်းခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၅)၊အရန်မီးသတ်တပ်ဖွဲ့မှညောင်ဦးမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ် ပုဂံမြို့ ဟောင်းရှိ ရတနာမာရ် အောင်ကျောင်းတိုက် ဝင်းအတွင်းခြင်းဆေးဖျန်းခြင်များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့ မွေတော်ပရိယတ္တိတိုက်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်ရှိ မွေတော်ပရိယတ္တိစာသင်တိုက်ဝင်းအတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ခြင်အန္တရာယ်မှ ကင်းဝေးစေရေး၊ ဘုရားပရဝဏ်အတွင်းခြုံနွယ်များ၊ အမှိုက်များ၊ မြက်ပင်များရှင်းလင်းခြင်း၊ အုတ်၊ သဲ၊ ကျောက်များသယ်ခြင်းတို့ကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြသည်။

ကျောက်တံတားမြို့နယ်တွင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများအပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

မောက်မယ်မြို့ စျေးတန်းရပ်ကွက်၌ ယနေ့နံနက် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စျေးတန်းရပ်ကွက်အတွင်း လူနေအိမ်တစ်လုံး ယနေ့နံနက် ၁ နာရီကျော်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
Subscribe to