ဖား​ဆောင်းမြို့နယ်အတွင်း ဌာနဆိုင်ရာများပါဝင်​သော စစ်​ကြောင်းကြီး(၅)​ကြောင်းဖြင့်​ ဒေသခံပြည်သူများနှင့်​ တွေ့ဆုံ ကွင်းဆင်း​ဆောင်ရွက်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် နယ်​မြေလုံခြုံ​ရေး၊ တရားဥပ​ဒေစိုးမိုး​ရေး၊ ရပ်ရွာ​အေးချမ်းသာယာ​ရေး၊​ ဒေသဖွံ့ဖြိုး​ရေးလိုအပ်ချက်များ ဖြည့်ဆည်း​ပေးနိုင်​ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်​သော စစ်​ကြောင်းကြီး(၅)​ကြောင်းဖြင့် ​ဒေသခံပြည်သူများနှင့် ​တွေ့ဆုံပြီး ပြည်သူလူထု၏ လိုအပ်ချက်များ ​ဆောင်ရွက်​ပေးနိုင်ရန် ယမန်​နေ့က မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တောင်​ပေါ်​ကျေးရွာရှိ ​ဒေသခံပြည်သူများအား ​အဆိုပါ ကျေးရွာခန်းမ​ဆောင်၌​ သွား​​​ရောက်​တွေ့ဆုံ ​ဆွေး​နွေးခြင်း ပြည်သူလူထုလိုအပ်ချက်များ​ဆောင်ရွက်​ပေးခြင်းတို့ကို ပြုလုပ်​ပေးခဲ့​ကြောင်း သိရသည်။

နတ်မောက်မြို့ ရန်အောင်မြင်ရပ်ကွက်ရှိ အသက် ၈၅ နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား အခြေခံစားသောက်ကုန်နှင့်လူမှုရေးပင်စင်များထောက်ပံ့

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစားသောက်ကုန်နှင့် လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်က ရန်အောင်မြင်ရပ်ကွက်ရှိ အဘိုးအဘွားများအား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ဇလွန်မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ နယ်မြေအလိုက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီတွင် မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ကျင်းပခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် အထက(၂၉)တွင် ကျန်းမာရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အမုန်းစကားနှင့် သတင်းအမှားများ တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် အမုန်းစကားနှင့် သတင်းအမှားများ တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

နမ့်ခမ်းမြို့ လူထုအခြေပြု​ဗဟိုဌာန(Community Centre)ခန်းမ၌ အသိပညာပေး  စာဖတ်ဝိုင်းကျင်းပ

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းနှင့်ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ ဦးဝင်းတင် ရေးသားထုတ်ဝေသည့် “ကိုယ်သာလျှင် ကိုယ့်ဘဝသခင်” စာအုပ်ဖြင့် အသိပညာပေးစာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တနိုင်းမြို့နယ်၌ ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရေး အသိပညာပေးပြီး Mask Campaing အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရမှု မရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မိဘပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာသည့် အလေ့အကျင့်များ လိုက်နာကျင့်သုံးစေရန် Mask Campaign အရှိန်အဟုန်မြှင့်အသိပညာပေးခြင်းကို အောက်တိုဘာ ၁၅ ရက်နေ့နံနက်(၈)နာရီက တနိုင်းမြို့ လီဒိုလမ်းမကြီးပေါ်ရှိ တနိုင်းတံတားထိပ်နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အ-ထ-က(၆) အလုံကျောင်း စာကြည့်တိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစစ်ကြောင်း (၅) ကြောင်းဖြင့် ဖွဲ့စည်းတာဝန်ပေးထားသောအဖွဲ့ များအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁ နာရီက ပညာရေးစစ်ကြောင်းမှ အလုံမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း ကျောင်းစားကြည့်တိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to