ပိုင်ကျုံမြို့၌ မြို့သာယာလှပရေးအတွက် အုတ်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း (၇၅) ရာခိုင်နှုန်းပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းများ၊   တံတားများ တည်ဆောက်ပေးလျက်ရှိသည့်အပြင် မြို့သာယာလှပ‌ရေးအတွက် Flower Box များနှင့် အုတ်စီရေမြောင်းများ တည်ဆောက်ပေးခဲ့သည်။

လောင်းလုံးမြို့နယ်၌ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သရက်ချောင်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်စေရန်အတွက်ရည်ရွယ်၍ ယမန်နေ့နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါပျံ့နှံ့မှု တားဆီးကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask Campaign ပြုလုပ်ခြင်းဖြင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပျံနှံ့မှု ကာကွယ်နိုင်ရေးအတွက် ပြည်သူများနေအိမ်မှပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်/ နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးသွားလာကြရန် Mask Campaign ပြုလုပ်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက မုန့်လုပ်ဆောင်းကုန်း(မြောက်)ရပ်ကွက်တွင် နှာခေါင်းစည်းများဖြန့်ဝေကာ Mask Campaign ပြုလုပ်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အမျိုးသမီးအခွင့်အရေးများအကြောင်းနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအသိ ပညာပေးသင်တန်းဖွင့်လှစ်

နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ကြီးမှူးဖွင့်လှစ်သော အမျိုးသမီးအခွင့်အရေးများအကြောင်းနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး အသိပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီက နေပြည်တော် လူမှုဝန်ထမ်းရုံး၌ ကျင်းပခဲ့သည်။

ဇလွန်မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၁၀၇၀)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်ဒုတိယသုံးလပတ် ( ဇူလိုင် ၊ သြဂုတ် ၊ စက်တင်ဘာ)လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to