နတ်မောက်မြို့ ရန်အောင်မြင်ရပ်ကွက်ရှိ အသက် ၈၅ နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား အခြေခံစားသောက်ကုန်နှင့်လူမှုရေးပင်စင်များထောက်ပံ့

နတ်မောက် အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစားသောက်ကုန်နှင့် လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်က ရန်အောင်မြင်ရပ်ကွက်ရှိ အဘိုးအဘွားများအား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ရာသို့ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တတိယပတ်  (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) လများအတွက် အသက်၈၅နှစ်နှင့်အထက် အဘိုးအဘွားများအား ထောက်ပံ့ငွေများနှင့်   မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဆွေနှင့် အဖွဲ့ဝင်များက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ကုလားပဲများထောက်ပံ့ ပေးခဲ့ပြီးရန်အောင်မြင်ရပ်ကွက်ရှိ အဘိုး(၃)ဦးနှင့်အဘွား(၁၇)ဦး စုစုပေါင်း (၂၀)ဦးတို့အား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လှဝင်း (ပြန်/ ဆက်)