တနိုင်း အောက်တိုဘာ ၁၉
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရမှု မရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မိဘပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာသည့် အလေ့အကျင့်များ လိုက်နာကျင့်သုံးစေရန် Mask Campaign အရှိန်အဟုန်မြှင့်အသိပညာပေးခြင်းကို အောက်တိုဘာ ၁၅ ရက်နေ့နံနက်(၈)နာရီက တနိုင်းမြို့ လီဒိုလမ်းမကြီးပေါ်ရှိ တနိုင်းတံတားထိပ်နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ် စည်ပင်၊ ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာ အသင်းအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့တို့ ကပူးပေါင်း၍ ဒေသတွင်း သွားလာကြသည့် ခရီးသွားပြည်သူများနှင့် စျေးရောင်း၊စျေးဝယ် မိဘပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များကို ဆက်လက် လိုက်နာကျင့်သုံးကြရန်၊ ပါးစပ်နှာခေါင်းစည်း Mask ကို လူထူထပ်သောနေရာများသို့ သွားလာပါက စနစ်တစ်ကျ တပ်ဆင်သွားလာကြရန် အသိပညာပေးပြီး နှာခေါင်းစည်း(Mask) အခုရေ(၁၀၀၀)အား အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မနောမြေ(တနိုင်း)