ကန့်ဘလူမြို့၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေး

ကန့်ဘလူ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာဝန် ထမ်းများ ပူးပေါင်းအဖွဲ့က ခရီးသွားပြည်သူများ၊ စျေးသွားစျေးလာများ၊ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးပြောပြားပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးသည်။

အဆိုပါလုပ်ငန်းများကို ဗိုလ်ချုပ်လမ်းနှင့်ဗိုလ်မင်းရောင် လမ်းဆုံလမ်းခွများ၊ မြို့မစျေးနှင့် တပင်ရွှေထီးလမ်းမကြီးနှင့်လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)