အိမ်မဲ အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် အမုန်းစကားနှင့် သတင်းအမှားများ တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က Talk Show ကျင်းပပြုရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး အသိပညာပေး Talk Show ကျင်းပရာ မြို့နယ်ဦးစီးအရာရှိက အမုန်းစကားနှင့် သတင်းအမှားများ တားဆီးကာကွယ်ရေး၊ အမုန်းစကားနှင့်သတင်းတု၊ သတင်းမှားများ လျော့ပါးရေး ခေါင်းစဥ်၊ ဒုတိယဦးစီးမှူး ဒေါ်စောသန္တာဦးက အမုန်းစကားမပြောကြေး၊ အမုန်းစကားနောက်ကွယ် ခေါင်းစဥ်၊ စာထောက်-၃ ဒေါ်အေးအေးမူက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းမှသည် အမုန်းစကားမဖြစ်တည်ဖိုရာ ခေါင်းစဥ်များဖြင့် အကျယ်တဝင့် အသီးသီး ဆွေးနွေးပြောကြားခဲ့သည်။
အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ စာဖတ်ဝိုင်းများ၊ ပြပွဲ၊ ပြိုင်ပွဲများ ဆွေးနွေးပွဲများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)