ပြည်ကြီးတံခွန်မြို့နယ် အထက(၂၉)တွင် ကျန်းမာရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေး အောက်တိုဘာ ၁၉

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင် ဆောင်ရွက်ရန်နည်းလမ်းများ၊ ခြင်ဆေးမှုတ်ခြင်း၊ ခြင်ကျားပေါက်လေ့ရှိသောနေရာများ၊ သွေး လွန်တုပ်ကွေးရောဂါ၏ လက္ခဏာများ၊ သွေးလန့်သည့်လက္ခဏာများ၊ အိမ်တွင်ပြုစုကုသခြင်း အကြောင်း၊ ကိုယ်ပူကြီးခြင်း၊ မှိန်းလွန်းခြင်း၊ အစားအသောက်၊ အရည်မဝင်ခြင်းအစရှိသည့် လက္ခဏာများပြသလာပါက နီးစပ်ရာကျန်းမာရေးဝန်ထမ်းနှင့်ပြသခြင်း သွေးလန့်သည့်လက္ခဏာ တစ်ခုခုတွေ့ပါက ဆေးရုံသို့အမြန်ဆုံးသွားရန် စသည့်အချက်များပါဝင်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)