မြို့​​ပေါ်ရေ​ပေး​​ဝေရေးလုပ်ငန်းများ အဆင်ပြေစေရေး ​ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ​ ဆောင်ရွက်

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့အ​​နေဖြင့် မြို့ပေါ်ရေ​ပေး​ဝေ​ရေးလုပ်ငန်းများ အဆင်​​ပြေ​စေ​ရေးအတွက်  မြို့​ရေ​ပေး​ရေး ရုံးကြီး​ရေစက်ရုံမှ အမှတ် (၁၄) ရပ်ကွက်ရှိ (၂၂၄) သံကန် အထိအရှည် (၄၈၀၀) ပေရှိသည့် ၈ လက်မ PVC ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်း​ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းတုန်းမြို့နယ်တွင် ၂၀၂၂ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်မှ ယနေ့နံနက် ၁၀ နာရီခွဲတွင် ၂၀၂၂ ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေးရာ မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးဆွေတင်ဦးက တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေနှင့် ပတ်သက်၍ စည်းကမ်းချက်များ ဆွေးနွေးခဲ့ပြီး စက္ကတဲကျေးရွာ အုပ်စုရှိ တောင်သူများအား ချေးငွေများထုတ်ပေးခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအစည်းအဝေးပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။

ပင်းတယမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ သစ်အယ်ပင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) စာသင်ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအားယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဆီဆိုင်မြို့နယ်၌ မိုးကြိုးဘေး တုံ့ပြန်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်​ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မိုးကြိုးဘေးတုံ့ပြန်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။

မင်းလှမြို့၌ တန်ဆောင်မုန်းလပြည့်နေ့အကြောင်း သိကောင်းစရာ (TALK SHOW) ဆွေးနွေးပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းစီစဉ် ကျင်းပသည့် တန်ဆောင်မုန်းလပြည့်နေ့အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

မဲစာရင်းများမှန်ကန်ရေး စိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိရာ လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်အလိုက် မဲစာရင်းများစိစစ်ခြင်း၊ မဲရုံတည်နေရာများ လျာထားသတ်မှတ်ခြင်းအပါအဝင် ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်သည့် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၈ ရက်၊ နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ကျင်းပသည်။

မိုင်းယောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဒို့တာဝန်အရေးသုံးပါး Talk Show ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ဒို့တာဝန်အရေးသုံးပါး Talk Show ကျင်းပကြောင်း သိရသည်။
Subscribe to