အ-ထ-က(၆) အလုံကျောင်း စာကြည့်တိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အလုံ အောက်တိုဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစစ်ကြောင်း (၅) ကြောင်းဖြင့် ဖွဲ့စည်းတာဝန်ပေးထားသောအဖွဲ့ များအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁ နာရီက ပညာရေးစစ်ကြောင်းမှ အလုံမြို့နယ် အမှတ်() အခြေခံပညာအထက်တန်းကျောင်း ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပညာရေးစစ်ကြောင်းမှ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဝင်၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လ-ဝ-က တို့မှ တာဝန်ရှိများသည် ကျောင်းသား၊ ကျောင်းသူများအား  စာအုပ်စာပေ၊ လူ့မိတ်ဆွေဟူသော ဆောင်ပုဒ်အတိုင်း ဘာသာရပ်ပေါင်းစုံ၊ ရသပေါင်းစုံ စာအုပ်များကို ဖတ်ရှု၊ လေ့လာ၊ မှတ်သားကြရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောခြင်း၊ ကျောင်းစာကြည့်တိုက်ရှိ စာအုပ်၊ စာစောင်များ စာရင်းပြုစုထားမှု၊ စာကြည့်တိုက် ပြင်ဆင်ထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှုမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်

တင်တင်ချို (ပြန်/ဆက်)