ဇေယျာသီရိမြို့နယ်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာအုပ်စာစောင်ပြပွဲနှင့်ဘောလုံးပစ်ပြိုင်ပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား၊ကျောင်းသူများစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာကြည့်တိုက် အားအကျိုး ရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲနှင့် ဘောလုံးပစ် ပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲ အချိန်က ကျင်းပခဲ့သည်။

သိန္နီမြို့တွင် ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်လျော့ချရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ပလတ်စတစ်အား စနစ်တကျသုံးစွဲတတ်စေရန် နှင့် ပလပ်စတစ်သုံးစွဲမှုများပြားလာခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းပျက်စီးမှုအန္တရာယ်မှ ကာကွယ်နိုင်စေရန်အတွက်

ကြည့်မြင်တိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေး၊ ကျောင်းစာအပြင် စာ​ပေဗဟုသုတများရရှိ​စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယ​နေ့ နံနက် ၁၀ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ် အမှတ်(၂)အ​ခြေခံပညာအလယ်တန်း​ကျောင်းသို့ သွား​ရောက်၍ အသိပညာ​ပေးဟော​ပြော​ဆောင်ရွက်ခြင်းနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဒလမြို့နယ် အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းတွင် ဟောပြောပွဲ၊ မူးယစ်ဆေးဝါးဆိုင်ရာနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကွင်းဆင်းဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခြေခံစား‌ကုန်နှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ မြို့အဝင်လမ်းဆုံနေရာတွင် ယနေ့နံနက်က ဘုတ်ပြင်းတပ်နယ်မှ အခြေခံစားကုန်နှင့်ဟင်းသီးဟင်ရွက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

မူဆယ်မြို့တွင်  မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီး အခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်(မြေကွက်လပ်တွင်)ယနေ့နံနက် ၁၀ နာရီအချိန်က ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့နှင့် အမှတ်(၂၂)မှ မူးယစ်တပ်ဖွဲ့စုမှ ထိန်းချုပ်ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို မူဆယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလှချို ဦးဆောင်၍ ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး ပြုလုပ်ခဲ့သည်။

မိုင်းပန်မြို့နယ် အခြေခံပညာမူလတန်းကျောင်း(ဟိုဖိုင်လုံ)၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အခြေခံပညာမူလတန်းကျောင်း(ဟိုဖိုင်လုံ)ရှိကျောင်းသား/သူများအား စာဖတ်သည့် အလေ့အကျင့်ကောင်းများရှိစေရန်၊ စာအုပ်စာပေကို ချစ်မြတ်နိူးတန်ဖိုးထားတတ်စေရန်အတွက် ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံမြို့၊လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အောက်တိုဘာလ ၁၇ ရက် နေ့လည် ၁၂ နာရီအချိန်က စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်မားရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲပြသ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတများစွာရရှိနိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ယမန်နေ့ကကွမ်းခြံကုန်းမြို့နယ်၊ ထီဖာကျေးရွာအ-မ-ကကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to