ဖား​ဆောင်းမြို့နယ်အတွင်း ဌာနဆိုင်ရာများပါဝင်​သော စစ်​ကြောင်းကြီး(၅)​ကြောင်းဖြင့်​ ဒေသခံပြည်သူများနှင့်​ တွေ့ဆုံ ကွင်းဆင်း​ဆောင်ရွက်

ဖား​ဆောင်း အောက်တိုဘာ ၁၉

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် နယ်​မြေလုံခြုံ​ရေး၊ တရားဥပ​ဒေစိုးမိုး​ရေး၊ ရပ်ရွာ​အေးချမ်းသာယာ​ရေး၊​ ဒေသဖွံ့ဖြိုး​ရေးလိုအပ်ချက် များ ဖြည့်ဆည်း​ပေးနိုင်​ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်​သော စစ်​ကြောင်းကြီး(၅)​ကြောင်းဖြင့် ​ဒေသခံပြည်သူများနှင့်​တွေ့ဆုံပြီး ပြည်သူလူထု၏ လိုအပ်ချက်များ ​ဆောင်ရွက်​ပေးနိုင်ရန် ယမန်​နေ့က မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တောင်​ပေါ်​ကျေးရွာရှိ ​ဒေသခံပြည်သူများအား ​အဆိုပါ ကျေးရွာခန်းမ​ဆောင်၌​ သွား​​​ရောက်​တွေ့ဆုံ ​ဆွေး​နွေးခြင်း ပြည်သူလူထုလိုအပ်ချက်များ​ ဆောင်ရွက်​ပေးခြင်းတို့ကို ပြုလုပ်​ပေးခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​​ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကယားပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် သင်္ကန်း၊ ဆွမ်းဆန်​တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထုများကို ဖား​ဆောင်းမြို့ ​​​တောင်​​ပေါ်တပ်ဦး​ ကျောင်းဆရာ​တော်ဘဒ္ဒန္တဇဝနထံသို့  ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့​နောက် မြို့နယ်စီမံအုပ်ချုပ်​​​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက​​​ တောင်​ပေါ်​ကျေးရွာရှိ ခန်းမ​ဆောင်၌ ​ဒေသခံပြည်သူများနှင့် ​တွေ့ဆုံခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌမှ ဒေသခံပြည်သူများအတွက် ရပ်ရွာ​အေးချမ်းသာယာ​ရေး၊ တရားဥပ​ဒေစိုးမိုး​ရေး၊ လုံခြုံ​ရေး၊ ပညာ​ရေး၊ ကျန်းမာ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေး၊​ မွေးမြူ​ရေး၊ လယ်ယာစိုက်ပျိုးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်​ရေး၊ ကိုဗစ်-၁၉ ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေး၊ လမ်းပန်းဆက်သွယ်​ရေး​ကောင်းမွန်​စေ​ရေးနှင့် ပတ်သက်၍ ယခုလိုလာ​ရောက်​ တွေ့ဆုံကွင်းဆင်း၍ ​​ဆောင်ရွက်​ပေး​ရခြင်းဖြစ်​ကြောင်း ပြောကြားခဲ့ပြီး၊ အဖွဲ့ဝင် ဗိုလ်မှူး စင်အောင်သူငြိမ်းမှ​ ဒေသခံပြည်သူများ စည်းလုံးညီညွှတ်မှုရှိမှ မိမိရပ်ရွာ​အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်​မည်ဖြစ်​​ကြောင်း၊ သက်ဆိုင်ရာစစ်​ကြောင်းကြီး (၅)​ကြောင်းမှ ဌာနဆိုင်ရာ အသီးသီးကလည်း မိမိတို့ဌာနများအ​နေဖြင့်​​ ဒေသဖွံ့ဖြိုးလုပ်ငန်းဆိုင်ရာများအား ကဏ္ဍအလိုက်​ ဆောင်ရွက်​ပေး​နေမှုများကို လည်းကောင်း​​ ရှင်းလင်းပြောကြားခဲ့​​ကြောင်းနှင့်​ မြေပြင်ကွင်းဆင်း​ဆောင်ရွက်ခြင်းများကိုလည်း​ ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

ဆက်လက်၍  လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်​ရေးကဒ်ပြား လဲလှယ် (၅) ဦး၊ မိတ္တူ (၃) ဦး၊ အိမ်​ထောင်စုခွဲ (၁) စု၊ အိမ်​ထောင်စုမိတ္တူ (၁) စု၊​ မွေးတိုး (၃) ဦး၊​သေဆုံး (၂) ဦးတို့ကို ​​ဆောင်ရွက်​ပေးပြီး လက်ဝယ်အ​ရောက် ​ပေးအပ်ခဲ့​ကြောင်းနှင့် မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနမှ​ ဒေါက်တာအိဖြူသွယ်နှင့် ဝန်ထမ်းများမှ ဒေသခံပြည်သူ (၃၀) ဦးအား ကိုဗစ်-၁၉ ​ရောဂါကာကွယ်​ဆေးထိုးနှံ​ပေးခြင်း၊​ ဒေသခံပြည်သူ (၁၇) ဦးအား အ​ထွေ​ထွေ​ရောဂါကုသ​ပေးခြင်းနှင့် လူမှူဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅) နှစ် အထက် အဘိုး (၁) ဦးအား ဒုတိယ ၃ လပတ်(ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) လများအတွက် လူမှု​ရေးပင်စင်လက်ဝယ်အ​ရောက်​ ထောက်ပံ့​​ပေးအပ်ခြင်းများ​ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း) ​