လယ်ဝေးမြို့နယ်အတွင်း ကလေးအလုပ်သမားပပျောက်နိုင်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စု‌နယ်မြေ၊ နေပြည်တော် လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း ကလေးအလုပ်သမားပပျောက်နိုင်ရေးအတွက် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးနိုင်လင်း ထွန်းနှင့်ဝန်ထမ်းများ၊ ဒုရဲအုပ် အောင်ချိုဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးဉာဏ်ဝင်းထွန်းနှင့် ဝန်ထမ်းများက လမ်းဆုံလမ်းခွများနှင့်လမ်းမတော် လမ်းတလျှောက် အသက်(၁၈)နှစ် မပြည့်သေးသူ ကလေးငယ်များ ဈေးရောင်းချနေမှု၊ တောင်းရမ်းစားသောက်နေမှုများ ရှိ/မရှိကို အောက်တိုဘာ (၁၈)ရက်နေ့ ညနေ(၅)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့၌ သစ်ဆွေးမြေဂေဟစနစ်ထိန်းသိမ်းခြင်းနှင့် သစ်ဆွေးမြေရှာဖွေဖော်ထုတ်ခြင်းဆိုင်ရာသင်တန်း(Capacity Development Packages for Myanmar- MAHFSA Program) ဖွင့်လှစ်

လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်ရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို အနာဂတ်မျိုးဆက်များဆီသို့ လက်ဆင့်ကမ်းပေးနိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များအောင်မြင်စေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးအပါအဝင် လူထုလူတန်းစားအားလုံးမှ ပါဝင်ဆောင်ရွက် နိုင်စေရန်ရည်ရွယ်ချက်ဖြင့်ဖွင့်လှစ်သည့် သစ်ဆွေးမြေဂေဟစနစ်ထိန်းသိမ်းခြင်းနှင့် သစ်ဆွေးမြေ ရှာဖွေဖော်ထုတ်ခြင်းဆိုင်ရာသင်တန်း (Capacity Development Packages for Myanmar- MAHFSA Program)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ Grand Inle Hotel ၌ ပြုလုပ်ခဲ့သည်။

မိုင်းယောင်း၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင် ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် လွန်ခဲ့သည့် နှစ်ပေါင်း(၃၀)ကျော်မှ စတင်၍ မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်အား နှစ်စဉ်အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပဆောင်ရွက်လျက်ရှိရာ ယခုနှစ်(၃၆)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်‌ရေးအတွက် ယနေ့နံနက်(၁၀)နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

မိုင်းခတ်မြို့၌ အခြေခံပညာမူလတန်းကျောင်းသို့ စာအုပ်စာ‌စောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်‌ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့တွင် ထက်၊ လယ်၊ မူဆင့် ကျောင်းသားပေါင်းစုံ နယ်မြေဖလား ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပညာရေးနယ်မြေ(၁၁)အတွင်းရှိ (မိသားစု-၂၃/၂၄/၂၅) မှ ထက်၊လယ်၊ မူဆင့် ကျောင်းသားပေါင်းစုံနယ်မြေဖလား ဘောလုံးအားကစားပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က ကျောက်တလုံးကြီး အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး (Talk Show) ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး(Talk Show)ကို ယနေ့ နံနက် (၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့၌ ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မွန်ကဲ ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ပူတာအိုမြို့၌ ကျောင်းသား/ကျောင်းသူများ ဆေးအရောင်များကိုခွဲခြား အသုံးပြုတတ်လာစေရန် ဟောပြောပွဲ၊ ဆေးရောင်ခြယ်နှင့် ပန်းချီပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကျောင်းသား/ကျောင်းသူများ စိတ်ကူးစိတ်သန်း အတွေးအခေါ် မြင့်မားလာစေရန်နှင့် ဆေးအရောင်များကို ခွဲခြားအသုံးပြုတတ်လာစေရန် အတွက် ဟောပြောပွဲ၊ ဆေးရောင်ခြယ်နှင့် ပန်းချီပြိုင်ပွဲကို အောက်တိုဘာ(၁၉)ရက် နံနက်(၉)နာရီက ပူတာအိုခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

နမ့်ဆန်မြို့တွင် ကလေးများအား သားအိမ်ခေါင်းကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက် အမှေးရောင်ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ ငွန်ဆိုင်းကျေးရွာရှိ အမကမူလတန်းကျောင်းတွင် အသက်(၉)နှစ်မှ(၁၀)နှစ် ကလေးသူငယ်များကို အမျိူးသမီး ကျန်းမာရေး ဆရာမဒေါ်စန္ဒာမိုး(HLV) ကြီးမှူး၍ သားအိမ်ခေါင်းကာကွယ်ဆေးကို ပထမအကြိမ် မ(၁၄) ဦး၊ ဂျပန်ဦးနှောက် အမှေးရောင်ရောဂါ ကာကွယ်ဆေးကို အသက်(၅)နှစ်မှ(၉)နှစ်ထိ ကျား(၂၅)ဦး မ(၂၉)ဦး စုစုပေါင်း(၅၄) ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to