မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှု
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ် ကံကုလား-ကံသစ်-ကျောက်စ်ပုံ ကျေးရွာချင်းဆက်လမ်း မြေနီကျောက်စရစ်ခင်းခြင်း၊ ကံသစ်ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊ စက္ကရိုးနှင့် စကားရိုး ချောင်းနှစ်သွယ်အစုံ ချောင်းကူးသံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။