ရတနာပုံတက္ကသိုလ်၌ ကျွမ်းကျင်မှုအတတ်ပညာသင်တန်း (Job-Ready Skill) အပတ်စဉ်(၁)  သင်တန်းဆင်း

အမရပူရ  မတ်  ၃၀

အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရတနာပုံတက္ကသိုလ်တွင် တက္ကသိုလ်ဝင်ခွင့် အခြေခံပညာအထက်တန်းစာမေးပွဲ ဖြေဆိုဖူးသူ (သို့မဟုတ်) အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ခြင်း အောင်လက်မှတ်ရရှိပြီးသူများအတွက် သက်မွေးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် လက်တွေ့အတတ်ပညာရပ်များတတ်ကျွမ်းပြည့်ဝစေရန် ရည်ရွယ်ချက်တို့ဖြင့် ဖွင့်လှစ်ပို့ချခဲ့သည့် ကျွမ်းကျင်မှုအတတ်ပညာသင်တန်း (Job- Ready Skill) အပတ်စဉ်(၁)သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပသည်။

ဦးစွာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက သင်တန်းဆင်းအမှာစကားနှင့် ဂုဏ်ပြုဝမ်းမြောက်စကားပြောကြားပြီး သင်တန်းသား (၄၇) ဦးအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။ ထို့နောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါ သင်တန်းကို ဇန်နဝါရီ ၁၀ ရက်မှ မတ် ၂၈ ရက်အထိ သင်တန်းကာလ(၃)လ၊ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် သင်ကြားပို့ချခဲ့ကြောင်းနှင့် သင်တန်းဆင်းလက်မှတ်များသည် ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု Certificate in Cosmetic Technology ၊ Certificate of Preparation of Soap Products ၊ Certificate of Proficiency in Basic Electronics, Certificate of Applied Basic Petrology ၊ Certificate of Natural fertilizer production and application ၊  Certificate of Vermiculture and Vermicompost production သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)