ကန့်ဘလူမြို့နယ်၌ စားသုံးဆီဖူလုံစေရေး ဆီထွက်သီးနှံစုံ ၂၀၁၁၄၉ ဧက စိုက်ပျိုးလျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဆောင်းသီးနှံစုံ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ မုန်ညင်း၊ နေကြာနှင့်ပန်းနှမ်းစသည့် သီးနှံစုံ ၂၀၁၁၄၉ ဧကကို ယခုနှစ် စက်တင်ဘာလက စတင်စိုက်ပျိုးခဲ့ရာ မြေပဲ ၈၇၈၁၂ ဧက၊ နှမ်း ၉၅၇၂၄ ဧက၊ မုန်ညင်း ၅၃၈ ဧက၊ နေကြာ ၁၉၃၀ ဧကနှင့်ပန်းနှမ်း ၃၄၅၄ ဧက စုစုပေါင်း ၁၈၉၄၅၈ ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။